ဖိုလ်ဝင်တောင်

 ဖိုလ်ဝင်တောင်

ဖိုလ်ဝင်တောင်ဆီ မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။
ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ ခရီးသွားနဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။
အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း ငါးရာ မှစခဲ့သည်ဟုရေးသားထားပြီး သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းက အနှစ်ပေါင်း သုံးရာ ဟုမှတ်ချက်ပြုခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်းသုတေသနဌာန မှ နှစ်ပေါင်း ခွန်နှစ်ရာ ဟူ၍ အမျိုးမျိုးကွဲပြားကြသော်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေထဲတွင် ထည့်သွင်းခံထားရသည်ဟု သိရှိခဲ့ရပါတယ်။
ဖိုးဝင်းတောင်ကို ယခုတော့၊ဖိုလ်ဝင်တောင်ဟုသာဆိုင်ဘုတ်တပ်ထားပြီး တစ်ကယ်က ဇော်ဂျီ ဦးဖိုးဝင်း နေခဲ့တဲ့တောင် ဖြစ်ပါသည်။ ဦးဖိုးဝင်းသည် ဖိုးဝင်းတောင်နဲ့မနီးမဝေးမှ စဖိုတောင်မှာ ဂူနန်းနဲ့ အနေများကာ၊ အဲသည်တောင်မှ ထွက်တဲ့ ဇီးဖြူသီး၊ ဖန်ခါးသီးတို့ကိုသာ စားသောက်ကာ၊ ကျင့်ကြံအားထုတ် ဖိုလ်ဉာဏ်ရခဲ့ပါသတဲ့၊၊ ဖိုလ်လမ်းစခန်း၊သွားရင်း ရေကန်ထဲမှ ကြာဖူးကြီးထဲမယ် သန္ဓေတည်၊ ဖွားတဲ့ မိန်ကလေးငယ်ကိုမွေးစားခဲ့ပြီး သမီးကညာအရွယ်ရောက် တော့ ယောကျ်ားပေးစားဘို့အရေး၊ ဘုရင်နှစ်ပါးအကြားဗျာများခဲ့ရပါသည်တဲ့။ ရာဇဝင်တွေအရတော့ ဦးဖိုးဝင်းကြီးခေတ်ပြိုင် ပုဂံမင်း နရပတိစည်သူမင်းကလည် ၀ါးလုံးထဲသန္ဓေပါလာပြီးမွေး တဲ့ ဝေလုဝတီ မင်းသမီးကိုမွေးပြီး အရွယ်ရောက်တော့ မိဘုရားမြှောက်စားသတဲ့။ ဦးဖိုးဝင်းကြီးရဲ့သမီးကိုနန်းတော်အသားဆက်ရတဲ့ မုဆိုးက တောလည်ရင်းမြင်တွေ့ သတဲ့၊ အသားကမရတော့ အပြစ်ခံရမှာဆိုးတာနဲ့ ဘုရင်ကို မိန်းကလေးလှကြောင်းပြောပြ ၊ ဘုရင်ကလည်း သည် ကလေးမဟာ ကြာဖူးထဲ မှဖွားသောသူဆိုတော့ သူ့အဖေ နရပတိစည်သူ တုန်းက( ၀ါးလုံး/မင်းသမီး) ကိုယူသလို၊ သူလည်း ထူးထူး ဆန်း ဆန်း လေး ကိုနားကြားရရုံမျှနှင့် အာသာငမ်းမိပါသည်တဲ့။ အဲသည်ဘုရင်ကတော့ ပုဂံဘုရင် နရပတိ စည်သူရဲ့သား သီရိဇေ ယျနား တောင်းမင်းဖြစ်ပါသတဲ့။ နောက်ဆုံး မုဆိုးကပဲ ဦးဖိုးဝင်းမွေးစားသမီးကို ဖေဇော်ဂျီ အလစ်မှာခေါ်ယူကာ နားတောင်းမင်း ထံဆက်သ ဘုရင်ကလည်းအလွန်နှစ်ချိုက်သ မို့ချက်ချင်း မိဘုရားမြှောက်သတဲ့။ ဖေဇော်ဂျီကြီးပြန်အလာ သမီးတော်မတွေ့ ကျောက်တုံးမှ အမှာစာကိုသာတွေ့ပြီ ၊ဒေါပွကာ ချင်းတွင်းမြစ်တစ်ဘက်ကမ်းမှ ဟလင်္ဂပူရပြည့်ရှင်ဘုရင် ပြူလဝမင်းထံ သွားပြီး သူထံဆက်မည့်သမီးကို ဘုဂံဘုရင်၏၊မုဆိုးမှ ဖျားယောင်ခေါ်ကာ သူတို့ ဘုရင်ထံ ဆက်သကြောင်းလျှောက်တော့ နောက်ဆုံးဘုရင်နှစ်ပါးစစ်ဖြစ်မလိုဖြစ်ခဲ့ပါတယ်။ အဲဒါ၊ပုဂံပြည်မှသမီးကိုဖေဇော်ဂျီကြီးမှ ပြူလဝမင်း၏၊တပ်ကိုဦးဆောင်ပြီး ညအချိန်မှာပုဂံတစ်မြို့လုံးကို သူ့ပြဒါးအစွမ်းနဲ့ အိပ်မွှေ့ချပြီး ပုဂံဘုရင်နားတောင်းမင်းနဲ့အတူရွှေလည်တွဲအိပပျော် နေရှာတဲ့ ကြာဖူးမယ်ကလေးကိုပွေ့ချီကာ သူ့ စဖိုတောင်ပေါ်ပြန်ခေါ်ခဲ့တာပေါ့၊ ပြီးတော့ ပြူလဝမင်း နဲ့ဇွတ်ပေးစားမယ် အလုပ် သမီးကလေး ခဗျာ ပုဂံမင်းကလေးနဲ့သည်ဘဝသည်မျှသာဖြစ်ပေရော့မယ် ဆိုပြီး- ရွှေရင်ထဲ မယ် အတွင်းကျေဖြစ်ပြီး ဘုံးဘုံး ပစ်လဲကာ သေပွဲဝင်သတဲ့။ အဲသည်လိုအဖြစ်မှာပဲ ဦးဖိုးဝင်းကြီးခဗျာ သမီးသေကိုကြည့် ပူပါဗျာဗွေလို့ နေတုန်းဗြုန်းကနဲဆို သမီးလေးကကိုယ်ထင်ပြ ဝင်းဝင်းဝါ၀ါနဲ့ အယူတိမ်းကာအဲသည်တောင်တော် သခင်မဖြစ် သွား ကြောင်း သိလိုက်ရသမို့ ဦးဖိုးဝင်းကြီး လည်းသတိ အမြန် ဝင်ကာ တောင်တော်ရှင်သမီးကလေး လည်း စောင့် ရှောက်ရာရောက်စေ ရန်သူ့ကျောက်ဂူ ထဲပြန်ဝင်နေပြီး ဖိုကူးမှတော်ရော့မည်ဆို ဖိုဝင်ပြီးစျန်ကူး လိုက်ရာ တစ်ခါတည်း သိဒ္ဒိ၀ိဇ္ဇာကြီးဘဝဖြစ်ပြီးသွားလေရော့သတည်းတဲ့ဗျား။
အဲသည်နောက်၊မိန်းမပျောက်လို့လိုက်လာတဲ့ ပုဂံပြည့်ရှင် နားတောင်းမင်းနဲ့ မြင်သာမြင်မကြင်လိုက်ရရှာသောပြူလဝ မင်းတို့လည်းသတိသံဝေဂရကြကာ၊ စစ်မပြုကြတော့ပဲ၊အဲသည် မင်းနှစ်ပါ စေတီဘုရားတွေ တည်ကြ မင်းသမီးလွမ်းစေတီတည်ကြနဲ့ ကျောက်ဆစ်ပန်းပုဆရာကြီး ဦးရွှေဘ၏ အခန်းကဏသမိုင်း ထူဘို့ဖြစ် လာပါတယ်။
ဖိုလ်ဝင်တောင်မှာ ပုဂံအနုလက်ရာတွေ ပြုံးမင်း ပြူလဝခေတ်ရဲ့အနုလက်ရာတွေအပြင် ညောင်ရမ်း၊ ကုန်းဘောင်ခေတ်အနုလက်ရာများသာမက အင်္ဂလိပ်မင်းလက်ထက်ပြရုပ်ဆေးရေး အနု ပညာလက်ရာများစွာကို မြင်တွေ့နိုင်သောသမိုင်းအမွေအနှစ်၊အထောက်ထားများစွာနှင့်ပြည့်စုံသောသာမောဖွယ်ရာတောတောင်သာသောနေရာ တစ်ခုဖြစ်ပါကြောင် ၊နိုင်ငံခြားသားခရီး သွားတွေရဲ့လေ့လာစရာ သဘာဝအရင်းအမြစ်တွေနှင့် ရှုမငြီးဘွယ်ရာ မြန်မာ့ဂုဏ်ဆောင် ဒေသကြီးဖြစ်ပါသည်။ မြေအောက်သယံဇာတတွေလည်း ဂမ္ဘီယ ဆန်ဆန် တည်ရှိနေကြောင်း သမိုင်းဆရာ များ၏အာဘော် အရ သိရပါသည်။

Comments

Popular posts from this blog

အမတော် မြနန်းနွယ်

မြန်မာနိုင်ငံရှိ လိုဏ်ဂူများ

ကျိုက်ခေါက်စေတီ