အဘ ဘိုးမင်းခေါင် သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလမှစ၍ ယနေ့တိုင် လွန်စွာထင်ရှားသော သာသနာပြုဘိုးတော်တစ်ပါးဖြစ်သည်။ [၁] [၂]၁၉၅၂ ခုနှစ်ခန့်တွင် ပုပ္ပါးတောင်ပေါ်နှင့် အနီးအနားဒေသများတွင် သီတင်းသုံးနေထိုင်လေ့ရှိသည်။ ပထမံ ဘိုးဘိုးအောင်ကဲ့သို့ပင် အလျင်းသင့်သလို ဒုက္ခရောက်နေသူများအား ကူညီစောင့်ရှောက်လေ့ရှိသည်။ မကောင်းသူကိုပယ်-ကောင်းသူကိုကယ်တတ်သည်။ စိတ်ထားကောင်းမွန်သူ၊ ရိုးသားဖြောင့်မတ်သူများကို အထူးကူညီစောင့်ရှောက်လေ့ရှိသည်။ ဘိုးတော် အောင်မင်းခေါင်ဟူ၍လည်း တစ်ချို့က ခေါ်ကြသည်။ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အထူးယုံကြည်လေးစားဦးထိပ်ပန်ဆင်သူတစ်ဦး ဖြစ်သည်။ ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားရေးအတွက် တတ်စွမ်းသ၍ အထူးကူညီပံ့ပိုးခဲ့သော ဘိုးတော်ဖြစ်သည်။ စကားပြောရာတွင် ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောတတ်သည်။ တစ်ဘဝက ဥက္ကလာပမင်းကြီးဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ အဘဘိုးမင်းခေါင်သည် ရွှေတိဂုံဘုရားဒကာ ဥက္ကလာပမင်းကြီးဖြစ်သည့်ဘဝတွင် ဆန်စက်ပိုင်ရှင် ဦးဘဦးသည် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာမင်းသားဖြစ်ခဲ့သည်။ ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မြန်မာပြည်သူများ ရင်းနှီးသိကျွမ်းပြီးသားဖြစ်သည်။[၅] အနေအထိုင်...
Comments
Post a Comment