Posts

မန်းလေး ရွှေစာရံ စေတီတော်

  မန်းလေး ရွှေစာရံ စေတီတော် ရသေ့ကြီး ဦးခန္တီလှူဒါန်းခဲ့သော မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော်ပြီးနောက် ဘုရားဒါယိကာမ စောမွန်လှ၏ ရုပ်တုကို သေသေချာချာ ကြည့်မိသည်။ သူ၏မျက်လုံးများသည် ပြုံးရယ်နေသည်ဟု ထင်ရသည်။ မျက်နှာတစ်ခုလုံးသည် မေတ္တာတရားဖြင့် အေးချမ်းနေပုံရသည်။ သူ့ရုပ်တုကိုကြည့်နေရင်း သူ့ဘဝ၏ နက်ရှိုင်းမှုသည် ကျွန်တော့ ရင်ထဲသို့ အလိုလိုဝင်လာခဲ့သည်။ သမ္မာဒြိအယူဝါဒသည် ပုဂါရာမ (ပုဂံ) ပြည်တွင် ရှင်အရဟံဆိုက်ရောက်ခြင်းနှင့်အတူ ပွားများစည်ပင်လာခဲ့သည်။ ပုဂံပြည့်ရှင် အနော်ရထာ မင်းကြီးသည် သာသနာတော်ကို ယုံကြည်သည့်အပြင် သာသနာကိုလည်း အလွန်ချီးမြှောက်လိုသောကြောင့် ဂန္ဓာလရာဇ် (တရုတ်) ပြည်၌ကိုးကွယ်လျက်ရှိသည့် စွယ်တော် မြတ်တစ်ဆူကို မိမိတိုင်းပြည်သို့ ပင့်ယူတော်မူရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့်စစ်သည်အလုံးအရင်းနှင့် အတူ နန်ချောက်ပြည်၏မြို့တော် တာလီ အထိချီတက်ခဲ့သည်။ နန်ချောက်ဘုရင် ဥတည်ဘွားသည် မြို့တော်တံခါးကို အလုံ ပိတ်၍ အပြင်းအထန်ခုခံသော်လည်း နောက်ဆုံးတွင် အားမတန်၍ မာန်လျှော့ ခဲ့ရသည်။ ဤတွင် အနော်ရထာမင်းကြီးက  အဆွေတော်တို့ တိုင်းပြည်သို့ လာရောက်ရခြင်းမှာ လောကီစည်းစိမ်ကို အလိုရှိ၍မဟုတ်ပါ။ လောကုတ...

ကျိုက်ခေါက်စေတီ

ကျိုက်ခေါက်စေတီတော် တည်နေရာ သံလျင်မြို့၊ ဥတ္တရင်္ဂကုန်း ဉာဏ်တော် ၂၇-တောင် ကျော်ကြားမှု ကျိုက်ခေါက်စေတီတော်မြတ်သည် ရန်ကုန်မြစ်နှင့်ပဲခူးမြစ်ဆုံရာ ပဲခူးမြစ်၏ တောင်ဘက်ကမ်းတွင်ရှိသော ရန်ကုန်တိုင်း သံလျင်မြို့ရှိ ဥတ္တရင်္ဂကုန်း ပေါ်၌ ကိန်းဝပ်တော်မူလျက်ရှိသည်။ သာသနာသက္ကရာဇ်(၂၄၁)တွင် အရှင်ခေါလကနှင့် သထုံမင်းစူဠသီရိမာသောကမင်း တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ခြောက်ဆူနှင့်တကွ သီဟိုဠ်(သီရိလင်္ကာ)မှရရှိသော နဖူးသင်းကျစ်ရိုးနှင့်ဓာတ်တော်များကို ဌာပနာကာ တိုက်စေတီ ပုံတည်ထားခဲ့ခြင်းဖြစ်သည်။ အရှင်ခေါလကကို အကြောင်းပြု၍ “ခေါလကစေတီ” ဟုသမုတ်ခဲ့သည်။ ကာလရွေ့လျောလာသည်နှင့်အမျှ “ခေါက်စေတီ၊ ကျော်ခိုက်စေတီ၊ ကျိုက်ခေါက်စေတီ” ဟုတွင်လေသည်။ သက္ကရာဇ်(၇၁၁)တွင် ဟံသာဝတီမင်း ဗညားဦးသည် မူလတိုက်စေတီကို သင်းတိုက်စေတီပုံစံ ပြောင်းလဲတည်ထားခဲ့သည်။ဉာဏ်တော် ၂၇-တောင် ဖြစ်သည်။ သက္ကရာဇ်(၇၇၈)တွင် ရာဇာဓိရာဇ်မင်းသည် ဉာဏ်တော်အတောင်သုံးဆယ်ထိ ပြုပြင်တည်ဆောက်သည်။ ကျိုက်ခေါက် စေတီတော်မြတ်သည် ခေတ်သမိုင်းအဆက်ဆက် စိုးစံခဲ့သောမင်းများနှင့် ပြည်သူတို့ ဆည်းကပ်ကိုးကွယ်ခဲ့ကြသော ထင်ရှားသော တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်။

အမတော် မြနန်းနွယ်

 အမတော် မြနန်းနွယ် မြနန်းနွယ်ဟာ ၁၉၀၆ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။ယခုရှိဆိုရင် ၁၁၁ နှစ်ရှိရော့ပေါ့။ ဦးသန့်က ၁၉၀၉ ခုနှစ်မှာ မွေးတာဖြစ်ပါတယ်။မြနန်းနွယ်ထက် ဦးသန့်က ၃ နှစ်ပင်ငယ်ပါသေးတယ်။ နောက်ပြီး ၁၉၁၅ မွေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊စာရေးဆရာမ ဒေါ်ခင်မျိုးချစ် တို့ ဟာမြနန်းနွယ်အောက် ၉ နှစ်လောက် ငယ်ကြပါသေးတယ်။မြနန်းနွယ်မွေးတဲ့အချိန်ဟာ အင်္ဂလိပ်လက်အောက်က ရုန်းထကြဖို့၊ လွတ်လပ်ကြဖို့ လူငယ်တွေ အသိအမြင်၊မျိုးချစ်စိတ် တွေ ပေါက်ဖွားရှင်သန်လာကြတဲ့ အချိန်ဖြစ်ပါတယ်။ အခုရေးပြတဲ့ အကြောင်းဟာ အောင်ဆုရှင် (သာကီဝင်)ဆိုတဲ့ စာအုပ်ထဲက မြနန်းနွယ်ရဲ့ အကြောင်း ဖြစ်ပါတယ်။စာရေးဆရာအောင်ဆုရှင် အဘဦးအောင်ဆု နဲ့တွေ့ပြီးမြနန်းနွယ်အကြောင်း မေးမြန်းစပ်စု ထားတာဖြစ်ပါတယ်။ မြနန်းနွယ်ဟာ စော်ဘွားမျိုးဆက်၊ သူမ၏ အဖေအမေတွေက မိုးကုတ်ကျောက်တွင်းပိုင်တွေ၊သူမမွေးပြီးနောက် မိဘတွေမှာ ကျောက်တွင်းက ကျောက်အောင်ပြီး စီးပွားတွေ တရိပ်ရိပ်တက်လာလို့ သူတို့၏ သမီး မြနန်းနွယ် အလိုကျ လိုက်လျောပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြနန်းနွယ်ဟာ အသက် ၁၅ နှစ် မှာ အိန္ဒိယနိုင်ငံကိုတက္ကသိုလ်ပညာ ဆည်းပူးခဲ့ပါတယ်။၁၉၂၆ မှာအိန္ဒိယနိုင်ငံက ဝိဇ္ဇာဘွဲ့ယူပြီး မြန်မာနိုင်ငံကို ...

အဘ ဘိုးမင်းခေါင်

  အဘ ဘိုးမင်းခေါင် သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကာလမှစ၍ ယနေ့တိုင် လွန်စွာထင်ရှားသော သာသနာပြုဘိုးတော်တစ်ပါးဖြစ်သည်။ [၁] [၂]၁၉၅၂ ခုနှစ်ခန့်တွင် ပုပ္ပါးတောင်ပေါ်နှင့် အနီးအနားဒေသများတွင် သီတင်းသုံးနေထိုင်လေ့ရှိသည်။ ပထမံ ဘိုးဘိုးအောင်ကဲ့သို့ပင် အလျင်းသင့်သလို ဒုက္ခရောက်နေသူများအား ကူညီစောင့်ရှောက်လေ့ရှိသည်။ မကောင်းသူကိုပယ်-ကောင်းသူကိုကယ်တတ်သည်။ စိတ်ထားကောင်းမွန်သူ၊ ရိုးသားဖြောင့်မတ်သူများကို အထူးကူညီစောင့်ရှောက်လေ့ရှိသည်။ ဘိုးတော် အောင်မင်းခေါင်ဟူ၍လည်း တစ်ချို့က ခေါ်ကြသည်။ ရတနာသုံးပါး၏ဂုဏ်ကျေးဇူးကို အထူးယုံကြည်လေးစားဦးထိပ်ပန်ဆင်သူတစ်ဦး ဖြစ်သည်။ ဗုဒ္ဓသာသနာတည်တံ့ပြန့်ပွားရေးအတွက် တတ်စွမ်းသ၍ အထူးကူညီပံ့ပိုးခဲ့သော ဘိုးတော်ဖြစ်သည်။ စကားပြောရာတွင် ရှင်းရှင်းနှင့်ပြတ်ပြတ်ပြောတတ်သည်။ တစ်ဘဝက ဥက္ကလာပမင်းကြီးဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ အဘဘိုးမင်းခေါင်သည် ရွှေတိဂုံဘုရားဒကာ ဥက္ကလာပမင်းကြီးဖြစ်သည့်ဘဝတွင် ဆန်စက်ပိုင်ရှင် ဦးဘဦးသည် ဥက္ကလာပမင်းကြီး၏ သားတော် မင်းနန္ဒာမင်းသားဖြစ်ခဲ့သည်။ ရှင်မွေ့နွန်း နှင့် မင်းနန္ဒာ ဇာတ်လမ်းနှင့်စပ်လျဉ်း၍ မြန်မာပြည်သူများ ရင်းနှီးသိကျွမ်းပြီးသားဖြစ်သည်။[၅] အနေအထိုင်...

“ပတ္တမြား ငမောက်”

  လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော်က ကုန်းဘောင်မင်းဆက် နောက်ဆုံးဘုရင် သီပေါမင်းထံမှ ဗြိတိသျှ နယ်ချဲ့ဗိုလ်မှူးကြီးတဦး ခိုးယူသွားတယ်ဆိုတဲ့ နန်းစဉ်ရတနာအဖိုးတန် “ပတ္တမြား ငမောက်” ပြန်ရဖို့ သီပေါမင်းရဲ့ မြစ် တော်စပ်သူ ဦးစိုးဝင်းဟာ လန်ဒန်သို့ ရောက်ရှိကာ ကြိုးစားနေတယ်လို့ ဗြိတိန်အခြေစိုက် Express သတင်းကဆိုပါတယ်။ ဗြိတိသျှ နယ်ချဲ့တို့ မန္တလေး ရတနာပုံနေပြည်တော် ကို ဝင်ရောက် သိမ်းပိုက်စဉ်က ငမောက် အမည် ရတဲ့ ပတ္တမြားကို သီပေါမင်းက ဗြိတိသျှ နိုင်ငံရေး အရာရှိချုပ် ကာနယ်စလေဒင်ကို အပ်နှံထားရာမှာ ပျောက်ဆုံးသွားခြင်းဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတချို့ကဆိုပါတယ်။ အခုအခါမှာတော့ အဆိုပါ ပတ္တမြားငမောက်ဟာ လန်ဒန်မျှော်စင်မှာရှိတဲ့ သရဖူမှာ ရှိနေတယ်လို့ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဦးစိုးဝင်းက ယုံကြည်တဲ့အတွက် ပြန်ရဖို့ သူနဲ့အတူ သမိုင်းဆရာ ရုပ်ရှင်ဒါရိုက်တာ အဲလက်စ် ဘတ်စကိုဘီက ပူးတွဲလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်းရဲ့ ရတနာပုံနေပြည်တော်ကို သိမ်းပိုက်ခဲ့သူ ကာနယ်စလေဒင်ဟာ ပတ္တမြားငမောက်ကို ယူဆောင်ပြီး ဝိတိုရိယ ဘုရင်ကြီးကို လက်ဆောင်းပေးခဲ့တယ်လို့ ကောလာဟလ များလည်း ထွက်ရှိခဲပါတယ်။ အဲဒီနောက်မှာတော့...

ဖိုလ်ဝင်တောင်

  ဖိုလ်ဝင်တောင် ဖိုလ်ဝင်တောင်ဆီ မုံရွာရောက်တုန်း ရောက်ဖြစ်အောင်သွားလိုက်ပါတယ်။ သီတင်းကျွတ်လဖြစ်လို့ အညာဒေသဖြစ်ပေမယ့် ပါတ်ဝန်းကျင်က စိမ်းစိုလို့နေပါတယ်။ မုံရွာမြို့ထဲကနေ တစ်နာရီကားမောင်းလိုက်ရင် ဖိုလ်ဝင်တောင်ကိုရောက်ပါတယ်။ မြစ်ကိုဖြတ်ပြီး သွားရတာမို့လို့ ရေလမ်းကသွားလို့ရသလို တံတားဖြတ်ပြီး ကားနဲ့လဲ သွားလို့ရပါတယ်။ တံတားကိုကျော်ဖြတ်လိုက်တာနဲ့ ပါတ်ဝန်းကျင်က တစ်မျိုးပြောင်းလာတယ်။ ဖိုလ်ဝင်တောင်ကို အဝေးကနေမြင်ရပါတယ်။ လောင်းလှေကြီးတစ်စင်းမှောက်ထားတဲ့သဏ္ဍာန်မျိုးဖြစ်ပါတယ်။ အလောင်းတော်ကသဖခရီးစဉ်ရှိတဲ့ရာသီတွေမှာ လူသွားလူလာများပေမယ့် တခြားအချိန်တွေမှာ ခရီးသွားနဲတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဖိုးဝင်းတောင်သမိုင်းကို သမိုင်းဆရာတို့က နှစ်အမျိုးမျိုးသတ်မှတ်ကြသည်။ အရှင်ဉာဏဝံသ ၏၊ဖိုးဝင်းတောင်သမိုင်းစာအုပ်တွင်သက်တမ်း နှစ်ပေါင်း ငါးရာ မှစခဲ့သည်ဟုရေးသားထားပြီး သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းက အနှစ်ပေါင်း သုံးရာ ဟုမှတ်ချက်ပြုခဲ့ပါတယ်။ မြန်မာ့ရှေးဟောင်းသုတေသနဌာန မှ နှစ်ပေါင်း ခွန်နှစ်ရာ ဟူ၍ အမျိုးမျိုးကွဲပြားကြသော်လည်း ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်နယ်မြေထဲတွင် ထည့်သွင်းခံထားရသည်ဟု သိရှိခဲ့ရပါတယ်။ ဖိုးဝင်းတောင်ကို ယခု...

သူရဲဥမင်ဆိုတာ

  သူရဲဥမင်ဆိုတာ သူရဲ (သရဲ၊ အချို့ကလည်း တရဲ) လို့ ရေးရပေမယ့် ဖတ်တဲ့အသံကတော့ မတူပါဘူး။ သလဲနဲ့ သရဲ အသံကြားထဲမှာ အသံလေးကို လှုပ်ပြီးဆိုရတာပါ။ စာဖတ်ရင်တော့ ရုတ်တရက် လန့်သွားမှာပေါ့။ သရဲတွေ ရှိတာလားဆိုပြီး…. သူက သူရဲရွာအနီးမှာ ရှိတာကြောင့်လည်း ဒီအမည်တွင်တာပါ။ သူရဲရွာ စာလုံးပေါင်းကို ဘုရားပြုပြင်တဲ့ အလှူရှင် ကမ္ပည်းထိုးထားရာမှာ မြင်တွေ့တဲ့အတိုင်း ယူထားတာဖြစ်ပါတယ်။ ရှေးဟောင်းသဘာဝဂူဖြစ်လို့ အပြင်ဘက်ပိုင်းမှာ ဘုရားဆင်းတုတော်အချို့နဲ့ စေတီတစ်ဆူကလွဲရင် အတွင်းဘက်မှာ တကယ့် သဘာဝအတိုင်း ကျောက်စက်ပန်းဆွဲတွေနဲ့ စိတ်ဝင်စားစရာ ထုံးကျောက်ဂူအဖြစ် ရှိနေပါတယ်။ နှစ်ပေါင်း ရာချီရှိနိုင်တယ်လို့ ခန့်မှန်းရတဲ့ ရှေးလက်ရာ ဗုဒ္ဓ ဆင်းတုတော်တွေနဲ့ ၂၀ဝ၅ ကနေ ၂၀၁၀ အတွင်း အသစ်ပြုပြင်ခဲ့တဲ့ ဘုရားဆင်းတုတော်တွေကို တောင်အတက် ဂူအဝနားမှာ အခြားလိုဏ်ဂူတွေလိုပဲ ဖူးမြင်ကြရပါတယ်။ ဂူကို အပြင်က ပတ်ကြည့်ရင်လည်း ချောက်ကမ်းပါး လေးအနားကပ်ပြီး လမ်းလျှောက်လို့ ကြည့်နိုင်သလို အချို့နေရာတွေမှာ တောင်ကမ်းပါးယံက ခွက်ဝင်နေတဲ့ နေရာတွေရှိပြီး ဘုရားဆင်းတုတွေ ထည့်သွင်းထားတတ်ပါတယ်။ သဘာဝလိုဏ်ဂူထဲ ဝင်ဖို့ကတော့ ဂူအတွင်းက ဘုရားတွေကြားထဲကနေ သွားရတာပါ။ ရ...